Thursday, June 12, 2014

play the field

No. (231)

play the field

(date more than one person)

မျက်​နှာများသည်​/ခြေရှုပ်​သည်​/ထည်​လဲတွဲ

သည်။

ဥပမာစာ​ကြောင်း။

All of my brother's friends are married

now, but he continues to play the

field.

ငါ့အစ်​ကိုရဲ့သူငယ်​ချင်း​တွေ အခုဆို အိမ်​​ထောင်

ကျကုန်​ပြီ။ ဒါ​ပေမဲ့ ငါ့အစ်​ကိုက​တော့ ထည်​လဲ

တွဲတုန်း။

hot air

No. (230)

hot air

(claims, promises or statements that

sound impressive but have no real

meaning or truth)

အာလူး။

ဥပမာစာ​ကြောင်း။

That last speech of hers was pure

hot air.

သူမရဲ့​နောက်​ဆုံးမိန့်​ခွန်းက​တော့ အာလူး

သက်​သက်​ပဲ။

be alive and kicking

No. (229)

be alive and kicking

(very active ​and healthy)

ကျန်းမာ​ရေး​ဒေါင်​​ဒေါင်​မြည်​ပဲ။

ဥပမာစာ​ကြောင်း။

She's completely recovered, she's

alive and kicking.

သူမ အရှင်း နလန်​ထပြီး ကျန်းမာ​ရေး

ဒေါင်​​ဒေါင်​မြည်​ပဲ။

only have eyes for someone

No. (228)

only have eyes for someone

(to be interested in or attracted to

only one person)

မျက်​စိကျသည်​/စိတ်​၀င်​စားသည်​။

ဥပမာစာ​ကြောင်း။

You've no need to be jealous. I only

have eyes for you.

နင်​ သ၀န်​တိုဖို့ မလိုအပ်​ပါဘူး။ ငါ့မျက်​လုံးထဲမှာ

နင်​တစ်​​ယောက်​တည်း မြင်​တာပါ။

When the cat's away, -----

No. (227)

When the cat's away, the mice will

play.

(something that you say which means

when the person in authority is

absent, people will not do what they

should do)

ကြောင်​မရှိကြွက်​ထ။

ဥပမာစာ​ကြောင်း။

As soon as their parents left, the

children invited all their friends over -

when the cat's away, you know.

သူတို့မိဘ​တွေ ထွက်​သွားတာနဲ့ချက်​ချင်း

က​လေး​တွေက သူတို့သူငယ်​ချင်း​တွေကို

အိမ်​လည်​​ခေါ်​တော့တာပဲ။ နင်​သိပါတယ်​ -

ကြောင်​မရှိ​တော့ကြွက်​ထတာပဲ​ပေါ့။

Where there's a will, -----

No. (226)

Where there's a will, there's a way.

(if you really want to do something

then you will find a way of doing it)

လိုလျှင်​ကြံဆနည်းလမ်းရ။

ဥပမာစာ​ကြောင်း။

He has no idea of how to get the

money to repair his boat, but where

there's a will.

သူ့​လှေကိုပြင်​ဖို့ ​ငွေဘယ်​လိုရနိုင်​မလဲ သူ

မ​တွေးတတ်​​တော့ဘူး။ ဒါ​ပေမဲ့ လိုလျှင်​ကြံဆ

ရင်​​တော့ နည်းရှိမှာပဲ​ပေါ့။

not lift/raise a finger/hand

No. (225)

not lift/raise a finger/hand (to do

something)

(to do nothing to help somebody)

တစ်​စက်​က​လေးမှမကူညီပါ။

ဥပမာစာ​ကြောင်း။

He spends all day stretched out on the

sofa and never lifts a finger to help.

သူက တစ်​​နေ့လုံး ဆိုဖာ​ပေါ်မှာ အ​ကြောဆန့်

နေပြီး တစ်​စက်​က​လေးမှ မကူညီဘူး။

feed one's face

No. (224)

feed one's face

(to eat a lot of food or too much food)

အ၀အပြဲစားသည်​/အစားပုတ်​သည်​။

ဥပမာစာ​ကြောင်း။

She won't lose any weight if she

keeps feeding her face like that.

သူမ ဒီလို အ၀အပြဲစားမြဲစား​နေရင်​ ၀ိတ်​ကျမှာ

မဟုတ်​ဘူး။

eyes are bigger than one's stomach

No. (223)

eyes are bigger than one's stomach

(used to say that somebody has been

greedy by taking more food than

they can eat)

စားမကုန်​ဘဲ ​လောဘတက်​ပြီး အများကြီးယူ

သည်​။

ဥပမာစာ​ကြောင်း။

He can't finish this piece of cake. His

eyes are bigger than his stomach.

သူ ဒီကိတ်​မုန့်​တုံးကို မစားနိုင်​​တော့ဘူး။ သူ

စားမကုန်​ဘဲ ​လောဘတက်​ပြီး အများကြီးယူ

တယ်​။

Wednesday, June 11, 2014

on one's last legs

No. (222)

on one's last legs

(extremely tired, close to collapsing)

ပင်​ပန်းလို့ ​ချိ​နေပြီ/မတ်​မတ်​​တောင်​မရပ်​နိုင်

တော့ဘူး။

ဥပမာစာ​ကြောင်း။

We've been cleaning house all day,

and I'm on my last legs.

ငါတို့ တစ်​​နေ့လုံး အိမ်​ရှင်း​နေကြတာ​လေ။

ငါ​တော့ ပင်​ပန်းလို့ ချိ​နေပြီ။

burst at the seams

No. (221)

burst at the seams

(be filled to or beyond normal

capacity)

(ပြည့်​လွန်းလို့) ပေါက်​ထွက်​​တော့မယ်​။

ဥပမာစာ​ကြောင်း။

I can't manage another piece of cake.

I'm bursting at the seams.

ကျွန်​​တော်​ ​နောက်​ထပ်​ကိတ်​မုန့်​တစ်​တုံး

မစားနိုင်​​တော့ဘူး။ ကျွန်​​တော်​ဗိုက်​​ပေါက်​ထွက်

တော့မယ်​။

put our heads together

No. (220)

put our heads together

(discuss or plan something among

ourselves)

တိုင်​တိုင်​ပင်​ပင်​​ဆွေး​နွေးသည်​။

ဥပမာစာ​ကြောင်း။

Let's put our heads together and figure

out what we can give him for his

birthday.

တိုင်​တိုင်​ပင်​ပင်​​ဆွေး​နွေးပြီး သူ့​မွေး​နေ့အတွက်

ငါတို့ သူ့ကို ဘာ​ပေးနိုင်​မလဲ စဉ်းစားထုတ်​ရ

အောင်​။

not harm/hurt a fly

No. (219)

not harm/hurt a fly

(Not cause harm to anyone, be gentle

and mild)

ခြင်​​တောင်​မရိုက်​ဘူး/ပါးစပ်​ထဲလက်​ထည့်​တာ

တောင်​မကိုက်​ဘူး။ (တင်​စားထားသည့်

အလင်္ကာ။)

ဥပမာစာ​ကြောင်း။

He just isn't the violent type. He

wouldn't hurt a fly.

သူက ကြမ်းကြမ်းရမ်းရမ်းစရိုက်​ မဟုတ်​ဘူး။

ခြင်​​တောင်​ရိုက်​မှာမဟုတ်ဘူး။

Tuesday, June 10, 2014

on someone's tail

No. (218)

on someone's tail

(following and watching someone

closely)

မျက်​ခြည်​မပြတ်​အနီးကပ်​​စောင့်​ကြည့်​သည်​။

ဥပမာစာ​ကြောင်း။

The police were on the suspect's tail

day and night.

ရဲ​တွေက သံသယရှိသူကို ​နေ့​နေ့ညည

မျက်​ခြည်​မပြတ်​အနီးကပ်​​စောင့်​ကြည့်​​ခဲ့တယ်​။

nothing to write home about

No. (217)

nothing (much) to write home about

(ordinary or unremarkable)

စာတတန်​​ပေတတန်​မဖွဲ့နွဲ့​လောက်​ပါ။ (သာမန်

ပါ။)

ဥပမာစာ​ကြောင်း။

The restaurant was all right but

nothing to write home about.

စား​သောက်​ဆိုင်​က အဆင်​​ပြေပါတယ်​။ ဒါ​ပေမဲ့

စာတတန်​​ပေတတန်​​တော့ မဖွဲ့နွဲ့​လောက်​ဘူး။

never a dull moment

No. (216)

never a dull moment

(something is always changing or

happening)

ပျင်းဖို့အချိန်​​တောင်​လုံးလုံးမရှိ။

ဥပမာစာ​ကြောင်း။

First she changes jobs, then she

wrecks her car, then falls in love -

never a dull moment with my sister.

ပထမ သူမ အလုပ်​​​တွေပြောင်းတယ်​။ ဒီ့​နောက်

ကား​ကို ပျက်​​စီးအောင်​လုပ်​တယ်​။ ပြီး​တော့

ချစ်​သူရတယ်​။ ငါ့ညီမ​တော့ ပျင်းဖို့အချိန်​ကို

မရှိဘူးပဲ။

show signs of

No. (215)

show signs of

(indicate or hint at something)

အရိပ်​အ​ယောင်​/လက္ခဏာပြသည်​။

ဥပမာစာ​ကြောင်း။

His health shows no signs of

improvement.

သူ့ကျန်းမာ​ရေးက တိုးတက်မဲ့လက္ခဏာ

မပြဘူး။

ahead of time

No. (214)

ahead of time

(earlier than was expected)

မျှော်​လင့်​ထားသည်​ထက်​အချိန်​​စောပြီး။

ဥပမာစာ​ကြောင်း။

We finished 15 minutes ahead of time.

ငါတို့ ​မျှော်​လင့်​ထားတာထက်​ ၁၅ မိနစ်​ အချိန်

စောပြီး ပြီးသွားတယ်​။

at my time of life

No. (213)

at my time of life

(at the age you are especially when

you are not young)

ငါ့အသက်​အရွယ်​မှာ။ (အသက်​ကြီးသည့်​အချိန်

ကို အထူးသဖြင့်​ ရည်​ညွှန်းသည်​။)

ဥပမာစာ​ကြောင်း။

Eyesight doesn't get any better at my

time of life.

အမြင်​အာရုံက ငါ့အသက်​အရွယ်​မှာ ​ပို​ကောင်း

မလာ​တော့ဘူး။

at the same time

No. (212)

at the same time

(at one time)

တစ်​ချိန်​တည်းမှာပဲ။

ဥပမာစာ​ကြောင်း။

She was laughing and crying at the

same time.

သူမက တစ်​ချိန်​တည်းမှာပဲ ရယ်​လည်းရယ်​၊

ငိုလည်းငို​နေခဲ့တယ်​။

(all) in good time

No. (211)

(all) in good time

(used to say that something will be

done or will happen at the appropriate

time and not before)

အချိန်​တန်​ရင်​ ဖြစ်​လာမယ်​။

ဥပမာစာ​ကြောင်း။

Be patient! All in good time.

စိတ်​ရှည်​ပါ။ အချိန်​တန်​​တော့ ဖြစ်​လာမှာ​ပေါ့။

for the time being

No. (210)

for the time being

(for a short period of time but not

permanently)

တခဏ​တော့။

ဥပမာစာ​ကြောင်း။

You can leave your suitcase here for

the time being.

နင်​ နင့်​ရဲ့ခရီး​ဆောင်​အိတ်​ကို ဒီမှာ တခဏ

တော့ ထားရစ်​လို့ရတယ်​။

on and off/off and on

No. (209)

on and off/off and on

(from time to time)

----- ဖြစ်​လိုက်​ ----- မဖြစ်​လိုက်​။

ဥပမာစာ​ကြောင်း။

It rained on and off all day.

မိုးက တစ်​​နေ့လုံး ရွာလိုက်​ မရွာလိုက်​ပဲ။

be head over heels in love

No. (208)

be head over heels in love

(to be in love with someone very

much)

အရူးအမူးချစ်​သည်​။

ဥပမာစာ​ကြောင်း။

It's obvious that they're head over

heels in love with each other.

သူတို့ တစ်​​ယောက်​နဲ့တစ်​​ယောက်​ အရူးအမူး

ချစ်​​နေကြတာ သိသာတယ်​။

laugh your head off

No. (207)

laugh your head off

(to laugh very loudly)

ခွက်​ထိုးခွက်​လန်​​အော်​ရယ်​သည်​။ ​အော်​ကြီး

အော်​ကျယ်​ရယ်​သည်​။

ဥပမာစာ​ကြောင်း။

He laughed his head off when he

read the letter.

စာကိုဖတ်​လိုက်​​တုန်းက သူ ခွက်​ထိုးခွက်​လန်

အော်​ရယ်​​တာ။

out of the blue

No. (206)

out of the blue

(if something happens out of the blue,

it happens suddenly and you are not

expecting it)

ဗြုန်းစားကြီး။ ဆိုင်းမဆင့်​ဗုံမဆင့်​။

ဥပမာစာ​ကြောင်း။

Then one day, completely out of the

blue, I had a letter from her.

ထို​နောက်​ တစ်​​နေ့မှာ​တော့ ကျွန်​​တော်​ သူမဆီ

က စာတစ်​​စောင်​ လုံးလုံးဗြုန်းစားကြီး ရရှိခဲ့ပါ

တယ်​။

Friday, June 6, 2014

till you are blue in the face

No. (205)

till you are blue in the face

(if you say something till you are

blue in the face, you keep saying the

same thing again and again but without

success)

အာ​ပေါက်​​တဲ့အထိ။

You can talk till you're blue in the

face, but I won't go.

နင်​ အာ​ပေါက်​တဲ့အထိ ​ပြောနိုင်​တယ်​။ ဒါ​ပေမဲ့

ငါ သွားမှာ မဟုတ်​ဘူး။

go bananas/go ballistic

No. (204)

go bananas/go ballistic

(to become very angry)

ဒေါသူပုန်​ထသည်​။ ​ဒေါသ​အိုးပေါက်​ကွဲပွဲကြမ်း

သည်​။

ဥပမာစာ​ကြောင်း။

She'll go bananas if she sees the room

in this state.

အခန်း ဒီအ​ခြေအ​နေဖြစ်​​နေတာ သူမ မြင်​ရင်

ဒေါသအိုး​ပေါက်​ကွဲပွဲကြမ်းမှာပဲ။

hang in the balance

No. (203)

hang in the balance

(be in an uncertain condition)

မ​ရေမရာနှင့်​ ​သောင်​မတင်​​ရေမကျ အ​ခြေအ​နေ

ဖြစ်​သည်​။

ဥပမာစာ​ကြောင်း။

The situation is hanging in the

balance.

အ​ခြေအ​နေက မ​ရေမရာနဲ့ ​သောင်​မတင်

ရေမကျ ဖြစ်​​နေတယ်​။

go halves/go fifty-fifty

No. (202)

go halves/go fifty-fifty

(share equally)

တစ်​​ယောက်​တ၀က်​ကျခံသည်​။

ဥပမာစာ​ကြောင်း။

The brothers are going fifty-fifty in

their new business.

ညီအစ်​ကိုနှစ်​​ယောက်​က သူတို့ရဲ့စီးပွား​ရေး

လုပ်​ငန်းသစ်​မှာ တစ်​​ယောက်​တ၀က်​ ထည့်​ဝင်

ထားကြတယ်​။

get on sb's nerves

No. (201)

get on somebody's nerves

(Irritate somebody)

စိတ်​ကိုကလိသည်​/စိတ်အ​နှောင့်​အယှက်​​ပေး

သည်​/စိတ်​ကသိက​အောက်​ဖြစ်​​စေသည်​။

ဥပမာစာ​ကြောင်း။

Please stop whistling. It's getting on

my nerves.

ကျေးဇူးပြုပြီး ​လေမချွန်​ပါနဲ့​တော့။ ငါ့ကို စိတ်

အ​နှောင့်​အယှက်​​​ပေး​နေလို့ပါ။

Thursday, June 5, 2014

give sb/sth a bad name

No. (200)

give someone/something a bad name

(spoil the reputation of)

နာမည်​ပျက်​​စေသည်​။ နာမည်​ဆိုးထွက်​​စေ

သည်​။

ဥပမာစာ​ကြောင်း။

Late deliveries are giving the

company a bad name.

ပစ္စည်းပို့ ​နောက်​ကျတာက ကုမ္ပဏီကို နာမည်

ဆိုးထွက်​​စေတယ်​။

Give sb an inch and -----

No. (199)

Give somebody an inch and they'll

take a mile.

(give or permit something small, and

they'll take advantage of you)

အ​ရောတ၀င်​​နေ​တော့/အလိုလိုက်​တော့

ခွေး​လေး ပါးလျက်​နားလျက်​ ဖြစ်​သည်​/​ခေါင်း

ပေါ်တက်​သည်​။

ဥပမာစာ​ကြောင်း။

I told her she could borrow the car

for one day, and she's gone a week -

give an inch.

ကားကို သူမ တ​နေ့ ငှါးနိုင်​ပါတယ်​လို့ ငါ ​ပြော

ခဲ့တာနဲ့ သူမ ယူသွားတာ တစ်​ပတ်​ရှိပြီ။ အလို

လိုက်​လိုက်​လို့ ​ခွေး​လေး ပါးလျက်​နားလျက်

ဖြစ်​တာပဲ။

give and take

No. (198)

give and take

(a practice of compromise)

ကိုယ့်​အတ္တ​လျှော့ပြီး သူများဆန္ဒကို လက်​သင့်​ခံ

သည်​။

ဥပမာစာ​ကြောင်း။

You're going to have to learn to give

and take.

ကိုယ့်​အတ္တ​လျှော့ပြီး သူများဆန္ဒကို လက်​သင့်​ခံ

တတ်​​အောင်​ နင်​ ​လေ့လာရမယ်​။

give a hand

No. (197)

give a hand

(help a person)

လက်​တစ်​ဖက်​​လောက်​ကူ​ပေးပါ။

ဥပမာစာ​ကြောင်း။

Can you give me a hand with these

chairs?

ဒီစားပွဲ​တွေ​ရွှေ့ဖို့ နင်​ ငါ့ကို လက်​တစ်​ဖက်

လောက်​ကူ​ပေးနိုင်​မလား။

put in an appearance

No. (196)

put in an appearance

(be present, especially for a short

time)

မျက်​နှာတစ်​ချက်​သွားပြသည်​။

ဥပမာစာ​ကြောင်း။

She was tired and didn't want to go to

the party, but decided she had to

put in an appearance.

သူမ နွမ်းနယ်​​နေပြီး ပါတီပွဲကို မသွားချင်​ခဲ့​ပေမဲ့

မျက်​နှာတစ်​ချက်​သွားပြရမှာပဲလို့ ဆုံးဖြတ်​ခဲ့

တယ်​။

take the bull by the horns

No. (195)

take the bull by the horns

(to face a difficult or dangerous

situation directly and with courage)

နဖူး​တွေ့ဒူး​တွေ့ ရဲရဲရင်​ဆိုင်​လိုက်​ပါ။

ဥပမာစာ​ကြောင်း။

Why don't you take the bull by the

horns and tell him to leave?

နင်​ဘာ​ကြောင့်​ နဖူး​တွေ့ဒူး​တွေ့ ရဲရဲရင်​ဆိုင်​ပြီး

သူ့ကို ထွက်​သွားဖို့ မ​ပြောသလဲ။

proud as a peacock

No. (194)

proud as a peacock

(having a very high opinion of oneself,

filled with or showing too much

self-esteem)

ဘ၀င်​မြင့်​ပြီး မိုးမမြင်​​လေမမြင်​ ဖြစ်​​​သော။

ဥပမာစာ​ကြောင်း။

She strutted about in her new outfit,

proud as a peacock.

သူမက ၀တ်​စုံသစ်​နဲ့ ဟန်​ပါပါ ကြွားကြွားဝင့်​ဝင့်

လျှောက်​တာ။ ဘ၀င်​မြင့်​ပြီး မိုးမမြင်​​လေမမြင်​ပဲ။

be over the moon

No. (193)

be over the moon

(to be extremely pleased about

something)

အလွန်​အမင်း​ပျော်​ရွှင်​သည်​။

ဥပမာစာ​ကြောင်း။

She got the job. She's over the moon.

သူမ အလုပ်​ရသွားတယ်​။ အလွန်​အမင်း​ပျော်

နေတာ​ပေါ့။

give sb a mouthful

No. (192)

give somebody a mouthful

(to speak angrily to somebody,

perhaps swearing at them)

စိတ်​ဆိုးမာန်​ဆိုး စကားကုန်​ပြောသည်​။

ဥပမာစာ​ကြောင်း။

Why didn't you give him a mouthful?

နင်​ ဘာ​ကြောင့်​ သူ့ကို စိတ်​ဆိုးမာန်​ဆိုး စကား

ကုန်​မ​ပြောပစ်​လိုက်​သလဲ။

make sb's mouth water

No. (191)

make somebody's mouth water

(if the smell or the sight of food

makes your mouth water, it makes

you want to eat it)

သွားရည်​ကျ​စေသည်​။

ဥပမာစာ​ကြောင်း။

The smell of fish and chips made my

mouth water.

ငါးနဲ့အာလူး​ချောင်း​ကြော်​အနံ့က ငါ့ကို သွားရည်

ကျ​စေတယ်​။

ask/cry for the moon

No. (190)

ask/cry for the moon

(to want something that is not

possible)

မဖြစ်​နိုင်​သည့်​အရာကို လိုချင်​သည်​။

ဥပမာစာ​ကြောင်း။

It's like crying for the moon.

အဲဒါက ဖိုးလမင်းကိုလိုချင်​တယ်​လို့ ငိုပြီးပူဆာ

သလိုမျိုးပဲ။

muddy the waters

No. (189)

muddy the waters

(to make a simple situation confused

and more complicated than it really

is)

အ​ခြေအ​နေကို ရှုပ်​​ထွေး​ပွေလီ ဖြစ်​​စေသည်​။

ဥပမာစာ​ကြောင်း။

Your explanation of his absence

muddied the waters.

သူ ပျက်​ကွက်​တာနဲ့ ပတ်သက်​ပြီး နင့်​ရှင်းလင်း

ချက်​က အ​ခြေအ​နေကို ရှုပ်​​ထွေး​ပွေလီ ဖြစ်​​စေ

ခဲ့ပြီ။

Wednesday, June 4, 2014

make a scene

No. (188)

make a scene

(make a public disturbance or an

excited emotional display)

လူကြည့်​သူကြည့်​ဖြစ်​​လောက်​​အောင်​ ကျယ်

ကျယ်​​လောင်​​လောင်​ အငြင်းပွားသည်​။

ဥပမာစာ​ကြောင်း။

Ted made a scene when the airline

lost his luggage.

လေ​ကြောင်းလိုင်းက Ted ရဲ့ ခရီး​ဆောင်​အိတ်

ပျောက်​သွား​တော့ Ted တစ်​​ယောက်​ လူကြည့်

သူကြည့်​ဖြစ်​​လောက်​​အောင်​ ​ပေါက်​ကွဲ​တော့

တာပဲ။

make an example of

No. (187)

make an example of

(punish someone as a warning to

others)

အခြားသူများသိရန်​ နမူနာအ​နေနဲ့ အပြစ်​​ပေး

ပြသည်​။

ဥပမာစာ​ကြောင်း။

The teacher made an example of the

boy she caught cheating.

ဆရာမက သူမမိသွားတဲ့ စာခိုးချတဲ့​ကောင်​​လေး

ကို နမူနာအ​နေနဲ့ အပြစ်​​ပေးပြခဲ့တယ်​။

make or break sb/sth

No. (186)

make or break somebody/something

(to be the thing that makes somebody

or something either a success or a

failure)

အောင်​​အောင်​မြင်​မြင် သို့မဟုတ်​ အလဲလဲ

အပြိုပြို ဖြစ်​​စေသည်​။

ဥပမာစာ​ကြောင်း။

This movie will make or break him

as a director.

ဒီရုပ်​ရှင်​ကားက သူ့ကို ဒါရိုက်​တာတစ်​​ယောက်

အ​နေနဲ့​ အောင်​​အောင်​မြင်​မြင်​ဖြစ်​​စေမလား၊

ဒါမှမဟုတ် အလဲလဲအပြိုပြိုဖြစ်​​စေမလား

တစ်​ခုခုပဲ​ပေါ့။

Sunday, June 1, 2014

put words into sb's mouth

No. (185)

put words into somebody's mouth

(to suggest that somebody has said

something when in fact they have

not)

တစ်​စုံတစ်​​ယောက်​က မ​ပြောဘဲ ​ပြောသည်​ဟု

ပြောသည်​။

ဥပမာစာ​ကြောင်း။

Stop putting words in my mouth.

ငါ မ​ပြောဘဲ ငါ​ပြောတယ်​လို့ ​လိုက်​ပြော​နေတာ

တော်​ပါ​တော့။

take the words right -----

No. (184)

take the words right out of

somebody's mouth

(to say what somebody else was going

to say)

တစ်​​ယောက်​ပြောမလို့ လုပ်​​နေသည့်​ စကားကို

အခြားတစ်​​ယောက်​က​ပြောထုတ်​သည်​။

ဥပမာစာ​ကြောင်း။

I was just going to mention that, but

you took the words right out of my

mouth.

ငါ အဲဒါကို ​ပြော​တော့မလို့ပဲ။ ဒါ​ပေမဲ့ ငါ ​ပြောမဲ့

စကား နင်​ ​ပြောလိုက်​တယ်​။

once or twice

No. (183)

once or twice

(a few times)

တစ်​ကြိမ်​လား၊နှစ်​ကြိမ်​လား။

ဥပမာစာ​ကြောင်း။

I don't know her well, I've only met

her once or twice.

ငါ သူမကို ​ကောင်း​ကောင်း မသိပါဘူး။ ငါ သူမ

ကို တစ်​ကြိမ်​လား နှစ်​ကြိမ်​လားပဲ ဆုံဖူးတာ။

out with it

No. (182)

Out with it

(something that you say in order to

tell someone to say something they

are frightened to say)

ကြောက်​မ​နေဘဲ ထုတ်​​ပြောလိုက်​။

ဥပမာစာ​ကြောင်း။

Come on, out with it!

မြန်​မြန်​လုပ်​စမ်းပါ။ ​ကြောက်​မ​နေဘဲ ထုတ်​​ပြော

လိုက်​။

once in a blue moon

No. (181)

once in a blue moon

(very rarely)

တစ်​သက်​​နေမှတစ်​ခါ။

ဥပမာစာ​ကြောင်း။

My sister lives in Alaska, so I only get

to see her once in a blue moon.

ငါ့ညီမက Alaska မှာ​နေတာ​လေ။ ဒါ​ကြောင့်

ငါ တစ်​သက်​​နေမှတစ်​ခါ သူမကို ​တွေ့ရတာ။

at/in one sitting

No. (180)

at/in one sitting

(if you do something at one sitting,

you do it during one period of time

without stopping)

တထိုင်​တည်း။

ဥပမာစာ​ကြောင်း။

I read the whole book in one sitting.

ငါ စာအုပ်​တစ်​အုပ်​လုံးကို တထိုင်​တည်း ဖတ်

လိုက်​တယ်​။

be one in a million

No. (179)

be one in a million

(if you say that someone is one in a

million, you mean that they are very

special because they have such good

qualities)

ရှာမှရှားလူ​တော်​လူ​ကောင်း​တစ်​​ယောက်​​ပေါ့။

ဥပမာစာ​ကြောင်း။

She's the sweetest, most generous

person I know. She's one in a million.

သူမက ငါသိသမျှထဲမှာ အကြင်​နာဆုံးနဲ့ စိတ်

သ​ဘောထားအ​နွေး​ထွေးဆုံးသူပဲ။ ရှာမှရှား

အမျိုးသမီး​ကောင်းတစ်​ဦး​ပေါ့။

expense, money, etc. is no object

No. (178)

expense, money, etc. is no object

(used to say that you are willing to

spend a lot of money)

ငွေကို မှု​နေစရာမလိုဘူး။

ဥပမာစာ​ကြောင်း။

He always travels first class. Expense

is no object.

သူ အမြဲတမ်း အထူးတန်းနဲ့ ခရီးသွားတယ်​။

ကုန်​ကျစရိတ်​ကို မှု​နေစရာမလိုဘူး​လေ။