Friday, May 30, 2014

grin and bear it

No. (177)

grin and bear it

(to accept pain, disappointment or a

difficult situation without

complaining)

မညည်းမညူအံကြိတ်​သည်းခံသည်​။

ဥပမာစာ​ကြောင်း။

There is nothing we can do about it.

We'll just have to grin and bear it.

အဲဒါနဲ့ပတ်​သက်​ပြီး ငါတို့ လုပ်​နိုင်​တာ ဘာမှ

မရှိဘူး။ ငါတို့ အဲဒါကို မညည်းမညူ အံကြိတ်

သည်းခံရုံပဲ ရှိတယ်​။

money doesn't grow on trees

No. (176)

money doesn't grow on trees

(used to tell somebody not to spend

money carelessly because you do not

have a lot of it)

ငွေက ပ​ဒေသာပင်​​ပေါက်​​နေတာ မဟုတ်​ဘူး။

ဥပမာစာ​ကြောင်း။

Money doesn't grow on trees. Don't

waste.

ငွေက ပ​ဒေသာပင်​​ပေါက်​​နေတာ မဟုတ်​ဘူး။

မဖြုန်းတီးနဲ့။

pleased with yourself

No. (175)

pleased with yourself

(too proud of something you've done)

ကိုယ့်​ကိုယ်​ကိုယ်​ဟုတ်​လှပြီထင်​မှတ်​​သော။

ဥပမာစာ​ကြောင်း။

He was looking very pleased with

himself.

သူ သူ့ကိုယ်​သူ ဟုတ်​လှပြီထင်​မှတ်​​နေပုံ​ပေါက်

နေခဲ့တယ်​​နော်​။

Thursday, May 29, 2014

have no business doing sth

No. (174)

have no business doing something/to

do something

(to have no right to do something)

----- စရာအ​ကြောင်းကိုမရှိပါ။

ဥပမာစာ​ကြောင်း။

You have no business being here.

နင်​ ဒီကို ​ရောက်​လာစရာ အ​ကြောင်းကိုမရှိပါ။

give sb a buzz

No. (173)

give somebody a buzz

(to telephone somebody)

ဖုန်းဆက်​သည်​။

ဥပမာစာ​ကြောင်း။

I'll give you a buzz on Monday. OK?

ငါ နင့်​ကို တနင်္လာ​နေ့ ဖုန်းဆက်​လိုက်​မယ်​။

အို​ကေလား။

(keep your) chin up

No. (172)

(keep your) chin up

(used to tell somebody to try to stay

cheerful even though they are in a

difficult or unpleasant situation)

အားတင်းထားစမ်းပါ။

ဥပမာစာ​ကြောင်း။

Chin up! Only two exams left.

အားတင်းထားစမ်းပါ။ စာ​မေးပွဲ နှစ်​ခုတည်း

ကျန်​​တော့တာ။

come close (to sth/to doing sth)

No. (171)

come close (to something/to doing

something)

(to almost reach or do something)

လက်​တစ်​ကမ်းအလိုကို​ရောက်​သည်​။

ဥပမာစာ​ကြောင်း။

We didn't win but we came close.

ငါတို့​တွေအနိုင်​မရခဲ့ဘူး။ ဒါ​ပေမဲ့ အနိုင်​ရဖို့

လက်​တစ်​ကမ်းအလို​လေးပဲ။

to coin a phrase

No. (170)

to coin a phrase

(used to show that you are aware

that you are using an expression

that is not new)

ဖန်​တစ်​ရာ​တေ​နေတဲ့စကားနဲ့ပြောရရင်​။

ဥပမာစာ​ကြောင်း။

Oh well, no news is good news, to

coin a phrase.

အိုး ဖန်​တစ်​ရာ​တေ​နေတဲ့စကားနဲ့ ​ပြောရမယ်​ဆို

ရင်​ ဘာသတင်းမှမကြားရတာ သတင်း​ကောင်း

ပဲ​ပေါ့။

in consequence (of sth)

No. (169)

in consequence (of something)

(as a result of something)

အကျိုးဆက်​အ​နေနဲ့။

ဥပမာစာ​ကြောင်း။

The child was born deformed in

consequence of an injury to its

mother.

မိခင်​မှာ ထိခိုက်​ဒဏ်​ရာရမှုရဲ့ အကျိုးဆက်

အ​နေနဲ့ က​လေးက ကိုယ်​လက်​အဂါင်္မူမမှန်​ပဲ

မွေးလာခဲ့တယ်​။

cover your tracks

No. (168)

cover your tracks

(to try and hide what you have done

because you do not want other people

to find out about it)

လက်​စလက်​နဖျောက်​သည်​။

ဥပမာစာ​ကြောင်း။

He had attempted to cover his tracks

by making her death appear like

suicide.

သူမရဲ့​သေဆုံးမှုကို သတ်​​သေပုံမျိုးဖြစ်​​အောင်

လုပ်​ပြီး သူ လက်​စလက်​န​ဖျောက်​ဖို့ အားထုတ်

ပြီးခဲ့ပြီ။

cross my mind

No. (167)

cross my mind

(to come into your mind)

စိတ်​ထဲ​တွေးမိသည်​။

ဥပမာစာ​ကြောင်း။

It never crossed my mind that she

might lose.

သူမရှုံး​ကောင်းရှုံးနိုင်​တယ်​လို့ ငါ့စိတ်​ထဲ

ဘယ်​တုန်းကမှ ​တွေး​တောင်​မ​တွေးမိဘူး။

cross your fingers

No. (166)

cross your fingers

(to hope that your plans will be

successful)

မျှော်​လင့်​ဆု​တောင်းသည်​။

ဥပမာစာ​ကြောင်း။

I'm crossing my fingers that my

proposal will be accepted.

ငါ့ရဲ့အဆိုပြုလွှာ လက်​ခံခံရဖို့ ငါ ​မျှော်​လင့်

ဆု​တောင်း​နေတယ်​။

only have yourself to blame

No. (165)

only have yourself to blame

(used to say that you think something

is somebody's own fault)

ကိုယ့်​ကိုယ်​ကိုယ်​သာ အပြစ်​တင်​​တော့။

ဥပမာစာ​ကြောင်း။

If you lose your job, you'll only have

yourself to blame.

တစ်​ကယ်​လို့ နင်​ အလုပ်​ပြုတ်​သွားရင်​ နင်

ကိုယ့်​ကိုယ်​ကိုယ်​သာ အပြစ်​တင်​​တော့။

be to blame (for sth)

No. (164)

be to blame (for something)

(to be responsible for something bad)

အပြစ်​ဖို့ရမှာပဲ။

ဥပမာစာ​ကြောင်း။

Which driver was to blame for the

accident?

မ​တော်​တဆမှုမှာ ဘယ်​ယာဉ်​​မောင်းကို အပြစ်

ဖို့ရမလဲ။

Wednesday, May 28, 2014

in behalf of sb

No. (163)

in behalf of somebody/

in somebody's behalf

(in order to help somebody)

ကူညီရန်​အလို့ငှါ။

ဥပမာစာ​ကြောင်း။

We collected money in behalf of the

homeless.

အိမ်​ရာမဲ့​တွေကို ကူညီရန်​အလို့ငှါ ကျွန်​​တော်​တို့

ငွေ​ကောက်​ခံစု​ဆောင်းခဲ့တယ်​။

on behalf of sb

No. (162)

on behalf of somebody/

on somebody's behalf

(as a representative of somebody or

instead of them)

(because of somebody)

ကိုယ်​စားအ​နေနဲ့။ ​ကြောင့်​။

ဥပမာစာ​ကြောင်း။

On behalf of the department I would

like to thank you all.

ဌာနရဲ့ကိုယ်​စား ကျွန်​​တော်​ အားလုံးကို ​ကျေးဇူး

တင်ပါတယ်​။

Don't worry on my behalf.

ငါ့​ကြောင့်​ စိတ်​မပူပါနဲ့။

off the beaten track

No. (161)

off the beaten track

(far away from other people, houses,

etc:)

ဝေးလံ​ခေါင်​သီ လူသူ​​ဝေးရာအရပ်​။

ဥပမာစာ​ကြောင်း။

They live miles off the beaten track.

သူတို့က မိုင်​​ပေါင်းများစွာ ​ဝေးလံ​ခေါင်​သီ

လူသူ​ဝေးရာအရပ်​မှာ ​နေကြတယ်​။

Saturday, May 24, 2014

beat about the bush

No. (160)

beat about the bush

(to talk about something for a long

time without coming to the main

point)

ဝေ့လည်​​ကြောင်​ပတ်​​ပြောသည်​။

ဥပမာစာ​ကြောင်း။

Stop beating about the bush and

tell me what you want.

ဝေ့လည်​​ကြောင်​ပတ်​ ​ပြောမ​နေနဲ့​တော့။ နင်

ဘာလိုချင်​လဲဆိုတာသာ ငါ့ကို ​ပြော​တော့။

at sb's beck and call

No. (159)

at somebody's beck and call

(always ready to obey somebody's

orders)

နောက်​မြီးဆွဲ။

ဥပမာစာ​ကြောင်း။

Don't expect to have me at your

beck and call.

ငါ့ကို နင့်​ ​နောက်​မြီးဆွဲ ဖြစ်​ဖို့ ​မျှော်​လင့်​မ​နေနဲ့။

be asking for trouble/it

No. (158)

be asking for trouble/be asking for it

(to behave in a way that is very

likely to result in trouble)

ကိုယ့်​ပြဿနာကိုယ်​ရှာတာပဲ။

ဥပမာစာ​ကြောင်း။

Drinking and driving is just asking

for trouble.

အရက်​​သောက်​ပြီး ယာဉ်​​မောင်းတာက ကိုယ့်

ပြဿနာကိုယ်​ရှာတာသက်​သက်​ပဲ။

if you ask me

No. (157)

if you ask me

(in my personal opinion)

ငါ့အမြင်​က​တော့။

ဥပမာစာ​ကြောင်း။

Their marriage was a mistake, if you

ask me.

ငါ့အမြင်​က​တော့ သူတို့ လက်​ထပ်​တာ အမှား

လုပ်​မိတာပဲ။

for the asking

No. (156)

for the asking

(it is very easy for you to get it if

you ask for it)

လို​ကြောင်း ​​လေသံဟလိုက်​တာနဲ့ အလွယ်​​လေး

ရတယ်​။

ဥပမာစာ​ကြောင်း။

My brother is a lawyer, so for us

his advice is free for the asking.

ငါ့အစ်​ကိုက ​ရှေ့​နေ​လေ။ ဒါ​ကြောင့်​ ငါတို့

အဖို့ သူ့ဆီက အကြံဥာဏ်​လို​ကြောင်း ​လေသံ

ဟလိုက်​တာနဲ့ သူ့အကြံဥာဏ်​ကို အလွယ်​​လေး

ရတာပဲ။

take sth amiss

No. (155)

take something amiss

(to feel offended by something,

perhaps because you have understood

it in the wrong way)

တလွဲ​တွေးပြီး တစ်​မျိုးထင်​သည်​။

ဥပမာစာ​ကြောင်း။

Would she take it amiss if I offered

to help?

ကူညီဖို့ ငါ ကမ်းလှမ်းခဲ့ရင်​ သူမ အဲဒါကို

တလွဲ​တွေးပြီး တစ်​မျိုးထင်​သွားမလား။

as always

No. (154)

as always

(as usually happens or is expected)

ခါတိုင်းလိုပဲ။

ဥပမာစာ​ကြောင်း။

As always, he was late for school.

ခါတိုင်းလိုပဲ သူ ​ကျောင်း​နောက်​ကျတယ်​​လေ။

leave/let sb alone

No. (153)

leave/let somebody alone

(to stop annoying somebody or

trying to get their attention)

တစ်​​ယောက်​တည်း ​အေး​အေး​နေပါရ​စေ။

ဥပမာစာ​ကြောင်း။

She's asked to be left alone but the

press photographers follow her

everywhere.

သူမက တစ်​​ယောက်​တည်း​အေး​အေး​နေပါရ

စေလို့ တောင်းဆို​ပြီးပေမဲ့ စာနယ်​ဇင်းဓာတ်​ပုံ

ဆရာ​တွေက သူမ​နောက်​ ​နေရာတိုင်းလိုက်

နေတာ။

go it alone

No. (152)

go it alone

(to do something without help from

anyone)

အကူအညီမယူဘဲ တစ်​​ယောက်​တည်းလုပ်

သည်​။

ဥပမာစာ​ကြောင်း။

Andrew decided to go it alone and

start his own business.

Andrew က အကူအညီမယူဘဲ တစ်​​ယောက်

တည်းကြဲပြီး သူ့ကိုယ်​ပိုင်​စီးပွား​ရေး စဖို့ ဆုံး

ဖြတ်​ခဲ့တယ်​။

under age

No. (151)

under age

(not legally old enough to do a

particular thing)

သတ်​မှတ်​ထားသည့်​အသက်​​​အောက်​။

ဥပမာစာ​ကြောင်း။

It's illegal to sell cigarettes to

children who are under age.

သတ်​မှတ်​ထားတဲ့အသက်​​အောက်​ က​လေး

တွေကို စီးကရက်​​ရောင်းတာက တရားမ၀င်

ဘူး။

Tuesday, May 20, 2014

be quits (with sb)

No. (150)

be quits (with somebody)

(when two people are quits, they do

not owe each other anything,

especially money)

ကျေပြီ။

ဥပမာစာ​ကြောင်း။

I'll give you $5 and then we're quits.

ငါ နင့်​ကို ၅ ​ဒေါ်လာ​ပေးမယ်​။ ဒါဆို ငါတို့​တွေ

ဘယ်​သူ့ဘယ်​သူမှ အ​ကြွေးမတင်​​တော့ဘူး

နော်​။ ​ကျေပြီ။

far from pleased

No. (149)

far from pleased/none too pleased

(not pleased, angry)

စိတ်​ထဲအစာ​ကြေမှာမဟုတ်​ဘူး။

ဥပမာစာ​ကြောင်း။

She was none too pleased at having

to do it all again.

အဲဒါ​တွေအားလုံး တစ်​​ခေါက်​ထပ်​လုပ်​ရတာ

သူမ စိတ်​ထဲအစာ​ကြေမှာမဟုတ်​ဘူး။

it stands to reason

No. (148)

it stands to reason

(it must be clear to any sensible

person who thinks about it)

လိုက်​​မေး​နေစရာ​တောင်​မလိုဘူး။ ရှင်း​နေ

တာပဲဟာ။ ဘယ်​သူ့​မေး​မေး ဒီလိုပဲ ​ပြော

မှာပဲ။

ဥပမာစာ​ကြောင်း။

It stands to reason that they'll

leave if you don't pay them enough.

နင်​က လစာလုံ​လောက်​​အောင်​မ​ပေးရင်​​တော့

သူတို့​တွေ ထွက်​ကုန်​မယ်​ဆိုတာ ရှင်း​နေတာ

ပဲဟာ။ (လိုက်​​မေး​နေစရာ​တောင်​မလိုဘူး။)


not in the least

No. (147)

not in the least

(not at all)

နည်းနည်းမှ။ လုံးလုံး။

ဥပမာစာ​ကြောင်း။

Really, I'm not in the least tired.

အမှန်​​တော့ ငါ နည်းနည်းမှ မပင်​ပန်းပါဘူး။

be grateful for small mercies

No. (146)

be grateful/thankful for small mercies

(to be happy that a situation that

is bad is not as bad as it could have

been)

ဒီ​လောက်​ပဲဖြစ်​လို့ ​တော်​​သေးတယ်​။

ဥပမာစာ​ကြောင်း။

Well, at least you weren't hurt. I

suppose we should be grateful for

small mercies.

အနည်းဆုံး​တော့ နင်​ ထိခိုက်​နာကျင်​မှု

မဖြစ်​ခဲ့ဘူး​လေ။ ဒီ​လောက်​ပဲဖြစ်​လို့ ​တော်

သေးတယ်​ လို့ ဆိုရမှာပဲ။

Sunday, May 18, 2014

in operation

No. (145)

in operation

(working, being used or having

in effect)

လည်​ပတ်​​နေသည်​။

ဥပမာစာ​ကြောင်း။

The system has been in operation

for six months.

စနစ်​က လည်​ပတ်​​နေတာ ​ခြောက်​လကြာပြီ။

open your eyes to sth

No. (144)

open your eyes to something

(realize or make somebody realize

the truth about something)

မျက်​စိပွင့်​နားပွင့်​ဖြစ်​​စေသည်​။

ဥပမာစာ​ကြောင်း။

Travelling really opens your eyes

to other cultures.

ခရီးသွားခြင်းက အခြားယဉ်​​ကျေးမှု​တွေ

ဆီ နင့်​ကို တကယ်​ပဲ မျက်​စိပွင့်​နားပွင့်​ ဖြစ်

စေတယ်​။

it won't hurt sb to do sth

No. (143)

it won't hurt somebody to do

something

(used to say that somebody should

do a particular thing)

လုပ်​​ပေးလိုက်​ရင်​ ဘာဖြစ်​သွားမှာမို့လို့လဲ။

ဥပမာစာ​ကြောင်း။

It won't hurt you to help with the

housework occasionally.

ရံဖန်​ရံခါ အိမ်​အလုပ်​ကူညီ​ပေးလိုက်​ရင်​ နင်

ဘာဖြစ်​သွားမှာမို့လို့လဲ။

in a hurry

No. (142)

in a hurry

(very quickly or more quickly than

usual)

အလျင်​စလို။

ဥပမာစာ​ကြောင်း။

He had to leave in a hurry.

သူ အလျင်​စလို ထွက်​ခွာခဲ့ရတယ်​။

for certain

No. (141)

for certain

(without doubt)

ကျိန်း​သေ။

ဥပမာစာ​ကြောင်း။

I can't say for certain when we'll

arrive.

ငါတို့ ဘယ်​အချိန်​​ရောက်​မလဲဆိုတာ

ငါ ကျိန်း​သေ မ​ပြောနိုင်​ဘူး။

stand on your own two feet

No. (140)

stand on your own two feet

(to be independent and provide

yourself with all the things that

you need to live without having to

ask anyone else to help you)

ကိုယ့်​​ခြေ​ထောက်​​ပေါ်ကိုယ်​ရပ်​သည်​။

ဥပမာစာ​ကြောင်း။

I've supported those children long

enough. It's time they learned to

stand on their own two feet.

က​လေး​တွေကို ကာလကြာရှည်​ ငါ ပံ့ပိုး​ပေး

ပြီးပြီ။ သူတို့ ကိုယ့်​​ခြေ​ထောက်​​ပေါ် ကိုယ်​ရပ်

ကြည့်​ဖို့ အချိန်​​ရောက်​ပြီ။

stand on ceremony

No. (139)

stand on ceremony

(to behave formally)

ဣ​နြေ္ဒကြီးနဲ့ပြုမူဆက်​ဆံသည်​။

ဥပမာစာ​ကြောင်း။

Please don't stand on ceremony

with me.

ကျေးဇူးပြုပြီး ငါ့ကို ဣ​နြေ္ဒတခွဲသားနဲ့

မဆက်​ဆံပါနဲ့။ (​ပေါ့​ပေါ့ပါးပါး​ဆက်​ဆံပါ။)

a rotten apple

No. (138)

a rotten apple

(one bad person who has a bad

effect on others in a group)

တစ်​​လှေလုံးပုပ်​​စေတဲ့ ငါးခုံးမပဲ။

ဥပမာစာ​ကြောင်း။

Because of him, we were criticized.

He's a rotten apple.

သူ့​ကြောင့်​ ငါတို့​ ဝေဖန်​ခံခဲ့ရတာ။ သူက

တစ်​​လှေလုံးပုပ်​​စေတဲ့ ငါးခုံးမပဲ။

It's all Greek to me.

No. (137)

It's all Greek to me.

(I can't understand it)

ငါ တစိုးတစိမှ နားမလည်​ပါ။

ဥပမာစာ​ကြောင်း။

This new computer program is all

Greek to me.

ဒီကွန်​ပျူတာပရိုဂရမ်​သစ်​ကို ငါ တစိုးတစိမှ

နားမလည်​ပါ။

not be born yesterday

No. (136)

not be born yesterday

(more experienced and less naive

than one appears to be)

သူငယ်​နှပ်​စားမဟုတ်​ပါ။ ငတုံးငအမဟုတ်​ပါ။

ဥပမာစာ​ကြောင်း။

Don't think you can fool me. I

wasn't born yesterday.

နင်​ ငါ့ကို အရူးလုပ်​နိုင်​မယ်​ ထင်​မ​နေနဲ့။

ငါ သူငယ်​နှပ်​စားမဟုတ်​ဘူး။

a matter of life and death

No. (135)

a matter of life and death

(a very urgent issue, situation, or

circumstance)

သေ​ရေးရှင်​​ရေးပဲ။

ဥပမာစာ​ကြောင်း။

She desperately wants to win.

It's a matter of life and death.

သူမ အသည်းအသန်​ အနိုင်​ရချင်​​နေတယ်​။

အဲဒါက ​သေ​ရေးရှင်​​ရေးဖြစ်​​နေတာ​လေ။

from the cradle to the grave

No. (134)

from the cradle to the grave

(from birth to death)

မွေးချိန်​မှ​သေချိန်​အထိ။ ဘ၀တ​လျှောက်​လုံး။

ဥပမာစာ​ကြောင်း။

This health plan will cover you

from cradle to grave.

ဒီကျန်းမာ​ရေးအစီအစဉ်​က နင့်​ကို ဘဝ

တ​လျှောက်​လုံး လွှမ်းခြုံ​ပေးမှာပါ။

Wednesday, May 14, 2014

come first

No. (133)

come first

(to be considered more important

than anything else)

ပထမဦးစား​ပေး အ​လေးထားစဉ်းစားသည်​။

ဥပမာစာ​ကြောင်း။

In any decision she makes, her

family always comes first.

သူမ ဘာဆုံးဖြတ်​ချက်​ချချ သူမမိသားစု

ကို ပထမဦးစား​ပေး အ​လေးထားစဉ်းစား

တာပဲ။

be dying for sth/to do sth

No. (132)

be dying for something/to do

something

(to want something or want to

do something very much)

----- ချင်​လွန်းလို့​သေ​တော့မယ်​။

ဥပမာစာ​ကြောင်း။

I'm dying to know what happened.

ဘာဖြစ်​ခဲ့လဲဆိုတာ ငါ သိချင်​လွန်းလို့ ​သေ

တော့မှာပဲ။


It's not sb's day

No. (131)

it's not somebody's day

(used when several unfortunate

or unpleasant things happen

on the same day)

ဒီ​နေ့ကံမ​ကောင်းပါလား။

ဥပမာစာ​ကြောင်း။

My car broke down on the way

and I forgot the file. It's not my

day.

ကားက လမ်းမှာ ပျက်​သွားတယ်​။ ဖိုင်​ကို

လည်း ​မေ့ခဲ့တယ်​။ ဒီ​နေ့ကံမ​ကောင်းပါ

လား။

Tuesday, May 13, 2014

in future

No. (130)

in future

(from now on)

ယခုကစပြီး။

ဥပမာစာ​ကြောင်း။

Please be more careful in future.

ကျေးဇူးပြုပြီး ယခုကစပြီး ပိုပြီး ဂရုစိုက်​​ပေးပါ။

face to face (with sb)

No. (129)

face to face (with somebody)

(close to and looking at somebody)

မျက်​နှာချင်းဆိုင်​။

ဥပမာစာ​ကြောင်း။

The two have never met face to

face before.

နှစ်​​ယောက်​က အရင်​က မျက်​နှာချင်းဆိုင်

ဘယ်​တုန်းကမှ မဆုံ​သေးဘူး။

Thursday, May 8, 2014

do's and don'ts

No. (128)

do's and don'ts

(what to do and what not to

do)

လုပ်​သင့်​သည်​နှင့်​ မလုပ်​သင့်​သည်​များ။

ဆောင်ရန်​နှင့်​ ​ရှောင်​ရန်​များ။

ဥပမာစာ​ကြောင်း။

This book is a useful guide to

the do's and don'ts of choosing

and buying your first car.

ဒီစာအုပ်​က ပထမဆုံးအကြိမ်​ကား ၀ယ်

မယ်​၊ ​ရွေးမယ်​ ဆိုရင်​ ​ဆောင်​ရန်​၊ ​ရှောင်

ရန်​​တွေ​ကိုရေးထားတဲ့ အသုံးဝင်​တဲ့

လမ်းညွှန်​စာအုပ်​ပဲ


drive sb out of their mind

No. (127)

drive somebody out of their

mind

(make somebody crazy, or very

nervous or worried)

ငါ့ကို ရူး​အောင်​ လုပ်​​နေပြီ။

ဥပမာစာ​ကြောင်း။

That noise is driving me out of

my mind.

ဆူညံသံက​တော့ ငါ့ကို ရူး​အောင်​ လုပ်

နေပြီ။


dead meat

No. (126)

dead meat

(in serious trouble)

ကိစ္စ​ချောပြီ။ 

ဥပမာစာ​ကြောင်း။

If anyone finds out, you're dead

meat.

တစ်​ကယ်လို့ တစ်​​ယောက်​​ယောက်​သာ

သိသွားရင်​ နင်​​တော့ ကိစ္စ​ချောပြီပဲ။

Wednesday, May 7, 2014

(like) chalk and cheese

No. (125)

(like) chalk and cheese

(very different)

ဆီနဲ့​ရေလိုပဲ (ကွာခြားတယ်​)။

ဥပမာစာ​ကြောင်း။

It's hard to imagine that Mark

and John are brothers. They're

like chalk and cheese.

Mark နဲ့ John က ညီအစ်​ကို​တွေဆိုတာ

တွေးကြည့်​မိဖို့ ခက်​တယ်​။ သူတို့​တွေက

ဆီနဲ့​ရေလိုပဲ ကွာခြားတယ်​​လေ။


change hands

No. (124)

change hands

(pass to a different owner)

ပိုင်​ရှင်​​ပြောင်းသည်​။

ဥပမာစာ​ကြောင်း။

The house has changed hands

several times.

ဒီအိမ်​က ပိုင်​ရှင်​​ပြောင်းတာ အကြိမ်

ပေါင်းများပြီ။


chew the fat

No. (123)

chew the fat

(talk about unimportant things)

လေပန်းသည်​။ အာရိုက်​သည်​။

ဥပမာစာ​ကြောင်း။

They sat around chewing the fat

instead of working.

သူတို့​တွေ အလုပ်​လုပ်​ရမဲ့အစား ၀ိုင်း

ထိုင်​ပြီး ​လေပန်းခဲ့ကြတယ်​။


make a clean breast of sth

No. (122)

make a clean breast of something

(admit fully something that you

have done wrong)

အမှားကို ၀န်​ခံသည်​။

ဥပမာစာ​ကြောင်း။

He decided to make a clean

breast of it and tell the police.

သူ အမှားကို ၀န်​ခံပြီး ရဲကို ​ပြောပြဖို့

ဆုံးဖြတ်​လိုက်​တယ်​။


keep somebody company

No. (121)

keep somebody company

(spend time with somebody so

that they are not alone)

အ​ဖော်​လုပ်​​ပေးသည်​။ အတူရှိ​ပေး

သည်​။

ဥပမာစာ​ကြောင်း။

I've promised to keep my sister

company while her husband is

away.

ငါ့ညီမခင်​ပွန်းခရီးသွား​နေတုန်း အဖော်

လုပ်ပေးမယ်လို့ ငါ ငါ့ညီမကို ကတိပေး

ပြီးပြီ။


get into/keep bad company

No. (120)

get into/keep bad company

(be friends with people that

others disapprove of)

အ​ပေါင်းအသင်းမှားသည်​။

ဥပမာစာ​ကြောင်း။

I'm worried about Jo. I think

he's getting into bad company.

ငါ​တော့ Jo ကိုစိတ်​ပူတယ်​။ သူ အ​ပေါင်း

အသင်းမှား​နေတယ်​လို့ ငါထင်​တယ်​။

in cold blood

No. (119)

in cold blood

(deliberately and calmly, without

showing any pity)

သွေး​အေး​အေးနဲ့။

ဥပမာစာ​ကြောင်း။

The innocent victims were shot

in cold blood.

အပြစ်​မဲ့သူ​တွေ ​သေနတ်​နဲ့ ​သွေး​အေး

အေး ပစ်​သတ်​ခံခဲ့ရတယ်​။

Monday, May 5, 2014

be frightened out of your wits

No. (118)

be frightened/scared/terrified

out of your wits

အသိစိတ်​​ပျောက်​​လောက်​​အောင်​​ကြောက်

သည်​။

ဥပမာစာ​ကြောင်း။

When I heard a footstep behind me

on the way back home last night, I

was frightened out of my wits.

ပြီးခဲ့တဲ့ညက အိမ်​အပြန်​လမ်းမှာ ​အ​နောက်

က​နေ ​ခြေသံတစ်​ခုကြားလိုက်​ရ​တော့ ငါ

အသိစိတ်​​ပျောက်​​လောက်​​အောင်​ ​ကြောက်

သွားတာ။

wonders (will) never cease

No. (117)

wonders (will) never cease

အံ့သြစရာပါလား။

ဥပမာစာ​ကြောင်း။

A: I've cleaned my room.

B: Wonders will never cease.

A: ငါ ငါ့အခန်းကို ရှင်းပြီးပြီ။

B: အံ့သြစရာပါလား။

Sunday, May 4, 2014

be at your wits' end

No. (116)

be at your wits' end

ဦး​နှောက်​​ခြောက်​သည်​။ အကြံအိုက်

သည်​။

ဥပမာစာ​ကြောင်း။

I don't know what to do. I'm

at my wits' end.

ဘာလုပ်​ရမလဲ ငါမသိ​တော့ဘူး။ ငါ

တော့ အကြံအိုက်​​နေပြီ။

so what?

No. (115)

so what?

အဲလိုဆို​ရော ဘာဖြစ်​​သေးလဲ။ (ရွဲ့ခြင်း)

ဥပမာစာ​ကြောင်း။

So what if nobody else agrees

with me?

ဘယ်​တစ်​​ယောက်​မှ ငါ့ကို သ​ဘောမတူ

လည်း ဘာဖြစ်​​သေးလဲ။

what for?

No. (114)

what for?

ဘာအတွက်​လဲ။

ဥပမာစာ​ကြောင်း။

A: I need to see a doctor.

B: What for?

A: ငါတော့ ဆရာဝန်​ပြဖို့ လိုပြီ။

B: ဘာအတွက်​လဲ။

be a weight off your shoulders

No. (113)

be a weight off your shoulders

စိတ်​​ပေါ့သွားတာပဲ။

ဥပမာစာ​ကြောင်း။

Knowing that he's safe was a

great weight off my shoulders.

သူ​ဘေးကင်းတယ်​လို့ သိလိုက်​ရတာ

ငါ တကယ့်​ကို စိတ်​​ပေါ့သွားတယ်​။

in all weathers

No. (112)

in all weathers

ရာသီဥတု ​ကောင်း​ကောင်းဆိုးဆိုး။

ဥပမာစာ​ကြောင်း။

She goes out jogging in all weathers.

သူမက​တော့ ရာသီဥတု ​ကောင်း​ကောင်း

ဆိုးဆိုး ခပ်​ဖွဖွ​ပြေး ထွက်​တာပဲ။

wait and see

No. (111)

wait and see

ဆန္ဒမ​စောဘဲစောင့်ကြည့်ပါ။

ဥပမာစာကြောင်း။

There is nothing we can do at

the moment. We'll just have to

wait and see.

အခု​လော​လောဆယ်​​တော့ ငါတို့

လုပ်​နိုင်​တာ ဘာမှ မရှိဘူး။ ငါတို့ ဆန္ဒ

မ​စောဘဲ ​စောင့်​ကြည့်​ကြဖို့ပဲရှိတယ်​။

put years on sb

No. (110)

put years on somebody

ရုပ်​ရင့်​​စေသည်​။

ဥပမာစာ​ကြောင်း။

This pattern doesn't suit me. It

puts years on me.

ဒီအဆင်​ ငါနဲ့ မလိုက်​ဘူး။ ငါ့ကို ရုပ်​ရင့်

စေတယ်​။

be written all over sb's face

No. (109)

be written all over somebody's face

မျက်​နှာမှာ အထင်းသား ​ပေါ်​နေသည်​။

ဥပမာစာ​ကြောင်း။

Guilt was written all over his

face.

အပြစ်​ရှိ​ကြောင်း သူ့မျက်​နှာမှာ အထင်းသား

ပေါ်​နေတာပဲ။

take years off sb

No. (108)

take years off somebody

ပိုနုပျိုပုံ​ပေါက်​​စေသည်​။

ဥပမာစာ​ကြောင်း။

The new hairstyle takes years

off her.

ဆံပင်​စတိုင်​အသစ်​​က သူမကို ပို

နုပျိုပုံ​ပေါက်​သွား​စေတယ်​။

be yourself

No. (107)

be yourself

ပုံမှန်​အတိုင်း ပြုမူပါ။

ဥပမာစာ​ကြောင်း။

Don't act sophisticated - just

be yourself.

လောကအ​ကြောင်း ​ရေလည်​သလို

ဟန်​​ဆောင်​မ​နေစမ်းပါနဲ့။ ပုံမှန်​အတိုင်း

ပဲ ပြုမူစမ်းပါ။

Saturday, May 3, 2014

young at heart

No. (106)

young at heart

အသက်​ကြီး​ပေမဲ့ လူငယ်​စိတ်​နဲ့။

ဥပမာစာ​ကြောင်း။

He's 75 years old but he knows

my feeling. He's still young at

heart.

သူ့အသက်​က ၇၅ နှစ်​။ ဒါ​ပေမဲ့ သူ ငါ့

ခံစားချက်​ကို နားလည်​တယ်​။ သူက

အသက်​ကြီး​ပေမဲ့ လူငယ်​စိတ်​နဲ့​လေ။

not be getting any younger

No. (105)

not be getting any younger

အသက်​ကမငယ်​​တော့ဘူး/အသက်

ကြီးလာပြီ။

ဥပမာစာ​ကြောင်း။

You should be more mature.

You are not getting any younger.

နင်​ပိုပြီးရင့်​ကျက်​သင့်​ပြီ။ နင့်​အသက်​က

ဖြင့်​ မငယ်​​တော့ဘူး။

a wolf in sheep's clothing

No. (104)

a wolf in sheep's clothing

သိုး​ယောင်​​ဆောင်​ထားတဲ့ ၀ံပု​လွေ။

ဥပမာစာ​ကြောင်း။

He seems friendly. But, in fact,

he's a wolf in sheep's clothing.

သူက ခင်​မင်​​ဖော်​​ရွေပုံ​ပေါက်​တယ်​။

ဒါ​ပေမဲ့ အမှန်​​တော့ သူက သိုး​ယောင်

ဆောင်​ထားတဲ့ ၀ံပု​လွေပဲ။

have a down on sb/sth

No. (103)

have a down on sb/sth

sb = somebody

sth = something

မကောင်းမြင်သည်။

ဥပမာစာ​ကြောင်း။

Don't have a down on her. She's

trying to understand what's what.

ဘာကဘာလဲ ဆိုတာ နားလည်​ဖို့ သူမ

လည်း ကြိုးစား​နေတာပဲ။ သူမကို

မ​ကောင်းမမြင်​ပါနဲ့။


Friday, May 2, 2014

come what may

No. (102)

come what may

ဘာပြဿနာပဲ ရှိရှိ။

ဥပမာစာ​ကြောင်း။

I promised to help her come what

may.

ဘာပြဿနာပဲ ရှိလာလာ သူမကို ကူညီ

ဖို့ ငါ ကတိ​ပေးထားတယ်​။

on purpose

No. (101)

on purpose

တမင်​တကာ။

ဥပမာစာ​ကြောင်း။

He did it on purpose, knowing it

would annoy her.

အဲဒါက သူမကို စိတ်​ဆိုးစေမယ်​မှန်း သူ

သိလျက်​နဲ့ တမင်​တကာ လုပ်​တာ။


I could eat a horse

No. (100)

I could eat a horse.

ဗိုက်ဆာလွန်းလို့အူလိမ်နေပြီ။

ဥပမာစာကြောင်း။

I missed breakfast. Now I could

eat a horse.

ငါ နံနက်စာလွတ်သွားလို့ အခု ဗိုက်ဆာ

လွန်းလို့ အူလိမ်နေပြီ။

eat like a horse

No. (99)

eat like a horse

အစားကြူးသည်။

ဥပမာစာကြောင်း။

She may be thin, but she eats like

a horse.

သူမ ပိန်ကောင်းပိန်မယ်။ ဒါပေမဲ့ အစား

ကြူးတယ်။

in depth

No. (98)

in depth

အသေးစိတ်။

ဥပမာစာကြောင်း။

I haven't looked at the report in

depth yet.

အခုထိ အစီရင်ခံစာကို အသေးစိတ်

မကြည့်ရသေးဘူး။

on the nail

No. (97)

on the nail

(ပေးငွေကို) မနှောင့်နှေးဘဲ ပေးခြင်း။

ဥပမာစာကြောင်း။

They are good customers who

always pay on the nail.

သူတို့ကတော့ ငွေကို မနှောင့်နှေးဘဲ

အမြဲတမ်းပေးတဲ့ ဖောက်သည်ကောင်း

တွေပဲ။

(straight) from the horse's mouth

No. (96)

(straight) from the horse's mouth

(သတင်းအချက်အလက်ကို) ကာယကံ

ရှင်ဆီမှ။

ဥပမာစာကြောင်း။

I heard the news from the horse's

mouth.

ငါ သတင်းကို ကာယကံရှင်ဆီက ကြား

လာတာ။

if I were in your place

No. (95)

if I were in your place

ငါသာ နင့်နေရာမှာဆို

ဥပမာစာကြောင်း။

If I were in your place, I'd resign

immediately.

ငါသာနင့်နေရာမှာဆို ငါ ချက်ချင်း နုတ်

ထွက်လိုက်မှာ။

pick a fight/quarrel with sb

No. (94)

pick a fight/quarrel with somebody

ရန်စသည်။

ဥပမာစာကြောင်း။

What's wrong with him? He's

always picking a fight with me.

သူ ဘာဖြစ်နေတာလဲ။ ငါ့ကို အမြဲတမ်း

လိုက်ရန်စနေတယ်။

pick holes in sth

No. (93)

pick holes in something

အားနည်းချက်ဟာကွက်ရှာသည်။

ဥပမာစာကြောင်း။

It was easy to pick holes in his

arguments.

သူ့ အကြောင်းပြချက်တွေမှာ အားနည်း

ချက်ဟာကွက်ရှာဖို့ လွယ်ပါတယ်။

a piece of cake

No. (92)

a piece of cake

လုပ်ရတာ လွယ်ပါတယ်။

ဥပမာစာကြောင်း။

A: How can I use this camera?

B: It's a piece of cake.

A: ဒီကင်မရာ ငါ ဘယ်လိုသုံးရမလဲ။

B: လွယ်ပါတယ်။

in reserve

No. (91)

in reserve

နောင်လိုအပ်ချိန် သုံးရန်။

ဥပမာစာကြောင်း။

200 police officers were held in

reserve.

ရဲသား ၂၀၀ ကို နောင်လိုအပ်ချိန်မှာသုံး

ဖို့ ထားရှိထားတယ်။

hold all the cards

No. (90)

hold all the cards

အားသာသည့်အနေအထားရှိသည်။

(နိုင်ဖဲတွေကိုင်ထားသည်)

ဥပမာစာကြောင်း။

There isn't much hope of him

getting custody of the children.

She holds all the cards.

ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်

ခွင့်ရဖို့ မျှော်လင့်နိုင်ခြေ သူ့မှာ သိပ်မရှိ

ဘူး။ သူမက နိုင်ဖဲတွေကိုင်ထားတာလေ။

not bat an eye/eyelid

No. (89)

not bat an eye/eyelid

မျက်တောင်တစ်ချက်မခတ်ဘူး။

(ကြောက်သည့်ပုံ/အံ့သြသင့်ပုံ မပြပါ)

ဥပမာစာကြောင်း။

She didn't bat an eyelid when I

told her my news.

ငါ သူမကို ငါ့သတင်းပြောပြတော့ သူမက

မျက်တောင်တစ်ချက်တောင်မခတ်ဘူး

လေ။

sb's blood is up

No. (88)

somebody's blood is up

ဒေါသထွက်ပြီး သွေးဆူသည်။

ဥပမာစာကြောင်း။

His blood was up and he ran at

Tom waving his fists.

သူ ဒေါသမွှန်ပြီး သွေးဆူသွားတယ်။ ပြီး

တော့ Tom ဆီ လက်သီးဝှေ့ပြီး ပြေးဝင်

သွားတယ်။

business is business

No. (87)

business is business

စီးပွားရေးက စီးပွားရေးပဲ။

ဥပမာစာကြောင်း။

Business is business, and if your

friend can't work well, I'll have to

find someone else.

စီးပွားရေးက စီးပွားရေးပဲ။ နင့်သူငယ်ချင်း

အလုပ်ကောင်းကောင်း မလုပ်နိုင်ရင်

အခြားတစ်ယောက်ယောက်ကို ငါ ရှာရ

လိမ့်မယ်။

behind bars

No. (86)

behind bars

ထောင်ထဲမှာ။

ဥပမာစာကြောင်း။

He spent ten years behind bars.

သူ ထောင်ထဲမှာ ဆယ်နှစ် အချိန်ကုန်

သွားတယ်။

my lips are sealed

No. (85)

my lips are sealed

လျှို့ဝှက်ချက်ကို နှုတ်ပိတ်ထားပါ့မယ်။

(လျှောက်မပြောပါဘူး)။

ဥပမာစာကြောင်း။

You can trust me with the

contract - my lips are sealed.

စာချုပ်ကိစ္စ နင် ငါ့ကို ယုံလို့ရပါတယ်။

ငါ လျှောက်မပြောပါဘူး။

under lock and key

No. (84)

under lock and key

သေချာသော့ခတ်သိမ်းဆည်းမှု။ (သို့)

ထောင်ကျခြင်း။

ဥပမာစာကြောင်း။

We keep our valuables under lock

and key.

ငါတို့ရဲ့အဖိုးတန်ပစ္စည်းတွေကို ငါတို့

သေချာသော့ခတ်သိမ်းဆည်းတယ်။

I will not rest until the murderer is

under lock and key.

လူသတ်သမား ထောင်မကျမချင်း ငါ

အနားယူမှာမဟုတ်ဘူး။

fight a losing battle

No. (83)

fight a losing battle

ရှုံးမည့်စစ်ကို တိုက်သည်။ (မအောင်မြင်

နိုင်မည့်အရာကိုလုပ်ဆောင်သည်)

ဥပမာစာကြောင်း။

Are you trying to lose weight?

You're fighting a losing battle.

ဝိတ်ချဖို့ ကြိုးစားနေတာလား။ နင် ရှုံးမဲ့

စစ်ကို တိုက်နေတာပဲ။

at a/the crossroads

No. (82)

at a/the crossroads

ဖွံ့ဖြိုးမှု/ဘ၀တွင် အရေးကြီးသည့်

လမ်းဆုံလမ်းခွရောက်ချိန်။

ဥပမာစာကြောင်း။

Our country is standing at the

crossroads.

ငါတို့နိုင်ငံတော့ အရေးကြီးတဲ့လမ်းဆုံ

လမ်းခွရောက်နေပြီ။

burn your bridges/boats

No. (81)

burn your bridges/burn your boats

ဘုရင့်နောင်ဖောင်ဖျက်လုပ်သည်။

ဥပမာစာကြောင်း။

Think carefully before you resign.

I don't want you to burn your

bridges.

နုတ်မထွက်ခင် သေချာ စဉ်းစားပါဦး။ ငါ

က နင့်ကို ဘုရင့်နောင်ဖောင်ဖျက် မလုပ်

စေချင်ဘူး။

born with a silver spoon ---

No. (80)

born with a silver spoon in your

mouth

ရွှေလင်ဗန်းနဲ့အချင်းဆေးပြီးမွေးလာတာ။

ဥပမာစာကြောင်း။

He can't afford to travel around the

world. He wasn't born with a silver

spoon in his mouth.

ကမ္ဘာပတ်ဖို့ သူ ငွေ မတတ်နိုင်ဘူး။ သူက

ရွှေလင်ဗန်းနဲ့အချင်းဆေးပြီး မွေးလာတာ

မှ မဟုတ်ဘဲ။

be without equal

No. (79)

be without equal/have no equal

ပြိုင်​ဘက်​ကင်းပဲ။

ဥပမာစာကြောင်း။

He is a player without equal.

သူက ပြိုင်​ဘက်​ကင်း ကစားသမားပဲ။



to cut a long story short

No. (78)

to cut a long story short/to make

a long story short

တိုတိုတုတ်တုတ်ပြောရမယ်ဆိုရင်တော့။

ဥပမာစာကြောင်း။

To cut a long story short, he was

arrested and went to jail.

တိုတိုတုတ်တုတ်ပြောရမယ်ဆိုရင် သူ

ဖမ်းဆီးခံရပြီး ထောင်ကျသွားတာပေါ့။

wet behind the ears

No. (77)

wet behind the ears

နို့နံ့တောင်မစင်သေး/အတွေ့အကြုံနု

သေး။

ဥပမာစာကြောင်း။

How can you take instructions

from him? He's still wet behind

the ears.

နင် သူ့ဆီက ညွှန်ကြားချက် ဘယ်လိုယူ

လို့ရမှာလဲ။ သူက နို့နံ့တောင်မစင်သေး

တာ။

by word of mouth

No. (76)

by word of mouth

လူပြောသူပြောပါးစပ်စကားနဲ့။

ဥပမာစာကြောင်း။

The news spread by word of

mouth.

သတင်းက လူပြောသူပြော ပါးစပ်စကား

နဲ့ ပျံ့သွားတာ။

Thursday, May 1, 2014

be/make a hit with sb

No. (75)

be/make a hit with somebody

စတွေ့တွေ့ချင်းမှာပင် အလွန်နှစ်သက်

သဘောကျခြင်းခံရသည်။

ဥပမာစာကြောင်း။

She made a hit with him.

သူက သူမကို စတွေ့တွေ့ချင်းမှာပဲ

တအားသဘောကျသွားတာ။

hit/strike home

No. (74)

hit/strike home

စကားက ချက်ကောင်းထိသွားသည်။

ဥပမာစာကြောင်း။

His face went pale as her words

hit home.

သူမစကားတွေက ချက်ကောင်းထိသွား

လို့ သူ့မျက်နှာ ဖွေးဆွတ်သွားတာပဲ။

on the edge of your seat

No. (73)

on the edge of your seat

တစ်စုံတခုတွင် အာရုံစူးစိုက်ပြီး စိတ်လှုပ်

ရှားကာ ဂနာမငြိမ်။

ဥပမာစာကြောင်း။

The game had the crowd on the

edge of their seats.

ပြိုင်ပွဲက လာကြည့်သူတွေကို စိတ်လှုပ်

ရှားပြီး ဖင်တကြွကြွ ဖြစ်စေခဲ့တယ်။

drive/strike a hard bargain

No. (72)

drive/strike a hard bargain

မရမကအတင်းဈေးဆစ်သည်။

ဥပမာစာကြောင်း။

The price is reasonable. You're

driving a hard bargain.

ဈေးနှုန်းက တန်ပါတယ်။ နင် မရမက

အတင်း ဈေးလျှော့တောင်းနေတော့တာ

ပဲ။

who can say

No. (71)

who can say

ဘယ်သူကများပြောနိုင်မှာလဲ။ (ဘယ်သူ

မှမသိ)

ဥပမာစာကြောင်း။

Who can say what will happen

next year?

နောက်နှစ် ဘာဖြစ်မလဲဆို ဘယ်သူက

များ ပြောနိုင်မှာလဲ။ (ဘယ်သူမှမသိ)